Saturday, December 23, 2017

ဘဝတစ်​ပါးမှ ရပ်​တန့်​​ငေး​မော​နေ​သော

အလွမ်းနှစ်ပေါင်းများစွာ ကွာဝေး
အချိန်ဇယားနဲ့ ငေးရတဲ့ ချစ်သူ။
အိပ်မက်တွေ တဘဝစာချုံ့ထည့်ထားတဲ့ ရက်စွဲ
ပြက္ခဒိန်ပေါ်က ကျကွဲသွားပြီ။
ရင်ထဲမှာ ဘယ်တုန်းက ဝေးဖူးလို့လဲ...? 
သတိရရင်နံပါတ် 1 ကိုနှိပ်​ပါ။ မမေ့သေးရင်နံပါတ် 2 ကိုနှိပ်​ပါ။
ဘယ်တုန်းကမှမမုန်းခဲ့ဖူးဘူးဆိုရင် ငါ့ကိုဖုန်းခေါ်ပါ 
#စစ်ငြိမ်း→→🔃
ဟင့်အင်း ချစ်သူ ငါက နင့် နှာခေါင်းလေးကို ဖွဖွ နမ်းရုံပဲ အိပ်ရာပေါ်က လိင်ကိစ္စတွေက နင့် နှုတ်ခမ်းလေးလောက် ချစ်ဖို့မကောင်းဘူး နင့် အပြုံးလေးနဲ့ ငါ သေလိုက် ရှင်လိုက် ဖြတ်ဖြတ်ကိုလူးလို့
အဲ့နောက်ပိုင်း နင့် တင်ပါး အလှ ရင်သား အလှ တွေကို ငါမမြင်တော့ဘူး မနက်ဖြန် ဆိုတာ ကြိုသိခွင့်ရရင် နင့် ခြေသလုံးဖြူဖြူလေးတွေကို ငေးကြည့်နေတာထက် နင့် မျက်ဝန်းလှလှလေးကို ငါအကြာကြီး စိုက်ကြည့်နေခွင့် ရခဲ့သင့်တယ်... အသဲယားလို့ နင့်ပါးလေးကို ဖျစ်ညှစ်ကြည့်ချင်တဲ့ စိတ်က နင် အတွင်းခံ ဘာအရောင်ဝတ်လာမလဲ ဆိုတဲ့ စိတ်ကို ဖျောက်ဖျက်ပြစ်လိုက်တယ်.. ဟင့်အင်း အဖြူရောင် ရှင်းလင်းတဲ့ အချစ်မျိုးတော့ မဟုတ်ဘူး အချိန်တိုင်း နင့် လက်ဖ၀ါးကို ငါ့ အိပ်ကပ်ထဲ အပိုင်သိမ်းထားချင်တာမျိုး နင့် အမေ မဆူခင်တော့ ငါ့ ပါးကို မြန်မြန် နမ်းပါတော့...

Sunday, June 14, 2015

အလုပ်တွေများနေလိုက်တာ…..
ဒါပေမယ့်…..အလုပ်တွေပိနေတာကပဲ….ခံသာသလိုလို….
လုပ်စရာတွေရှိနေတုန်းက မသိသာပေမယ့်…
အလုပ်တွေပါးသွားတဲ့အချိန်မှာ…
ဒဏ်ရာတွေက အသစ်ပြန်ဖြစ်လာတယ်….
မေ့လောက်ပြီထင်တဲ့အကြောင်းတွေ ပြန်စဉ်းစားမိနေတယ်….
သက်သာလောက်ပြီထင်တဲ့ ဒဏ်ရာက…ပတ်တီးဖြေလိုက်တော့…သွေးစိမ်းရှင်ရှင်ထွက်နေတုန်း….
ဘာလုပ်ရင်ကောင်းမလဲ….လိုက်ရှာရတော့မလိုလို….
တစ်ခုခုကို တာဝန်ယူပြီး….လုပ်စရာတွေနဲ့ လုံးပန်းနေရတဲ့ဘ၀က…
လူပင်ပန်း စိတ်ပင်ပန်းပေမယ့်…..ငါ့အတွက်တော့…ပိုသက်သာနေသလို….
ငါ့ရောဂါကို….အချိန်ဆိုတဲ့သမားတော်ကြီးလဲ…လက်မှိုင်ချရပြီထင်ပါ့….
နေရာဆိုတဲ့…ဆေးမှီးတိုလဲ….မတိုး….
နီးစပ်မှုဆိုတဲ့……နောက်ဆုံးပေါ်ဆေးလဲ…..ငါနဲ့ကျမှ….အစွမ်းပျောက်နေရပြီ….
အချိန်တွေကြာခဲ့ပေမယ့်….
အနေတွေဝေးခဲ့ပေမယ့်….
ဘေးမှာ စိတ်ယိုင်စရာတွေများပေမယ့်….
ငါ့ရင်ထဲက နင့်နေရာကို…..ဘာလိုဖယ်ထုတ်လိုက်လို့မရတာလဲ….
တစ်ယောက်ထဲနေရမှာကြောက်ပါရဲ့…..
စဉ်းစားစရာမရှိတဲ့ ညတွေကို ကြောက်ပါရဲ့…..
တစ်ယောက်ထဲရှိနေချိန်တွေ….နင့်အကြောင်းစဉ်းစားမိနေလို့….
စဉ်းစားစရာမရှိတဲ့ညတွေဆို….နင့်အသံတွေ….နင်အပြုံးတွေ…..
ငါ့ခေါင်းထဲမှာ…ရုပ်ရှင်ပြကွက်တွေလို……
နင့်ချစ်သူနဲ့တွဲပြီး ကြည်နူးနေတဲ့ပုံတွေ…..မျက်စိမှိတ်လိုက်တိုင်း…..
အိပ်မက်ဆိုးတစ်ခုလို…….
မြန်မြန်ပြန်ပြီး အလုပ်တွေရှုပ်နေရဖို့မျှော်လင့်တယ်….
ဒီလိုနဲ့ပဲ….တဖြည်းဖြည်းဒဏ်ရာတွေကျက်သွားဖို့မျှော်လင့်တယ်….
အစွဲအလန်းကြီးလွန်းတဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလား….
သူများခံစားချက်ကို….ခေါင်းထဲမထည့်တတ်တဲ့…နင်တို့ကိုပဲအပြစ်တင်ရမှာလား…..
နင်ပျော်နေတယ်ဆိုရင်….လိုက်ပျော်ပေးနိုင်ဖို့…ကြိုးစားနေပေမယ့်….
အပြည့်အ၀ကြီး မုဒိတာပွားပေးနေဖို့တော့……ငါ့အချစ်တွေက….သဘောထားမကြီးမြတ်လှဘူးချစ်သူ…..
ဟန်ဆောင်အပြုံးတစ်ခုနောက်က မျက်ရည်တွေ….
တက်ကြွနေတဲ့ လူတစ်ယောက်ရင်ထဲက….ကြေမွနေတဲ့ နှလုံးသားတွေကိုမှ…..
နင်းပြီးပျော်ရွှင်နေချင်တယ်ဆို…….
ငါ လိုက်လျောပေးနေပါ့မယ်…..
ဒါပေမယ့်…ငါ…..ဒီဝေဒနာတွေက….လွတ်မြောက်ချင်လှပြီ….
အချစ်နဲ့ ဒဏ်ရာတွေကို…ညှိုနိုင်းရင်း….အသက်ရှုသံတိုင်း….
ငါ့အတွက်….နာကျင်ရတာ….
တကယ်ကို…ပင်ပန်းလွန်းလို့ပါ……

Monday, June 1, 2015

 ကောင်မလေးရေ
မင်းစိတ်နဲတီခတ်ကြည်မှ
လင်းပွင်လာတဲ့...ရင်ခုန်သံပါ
ကိုယ်တိုင်ရယူထားတဲ့
ပိုင်ဆိုင်ခွင့်မှာ
ကံ့ကော်ဝတ်မူန်တွေကြဲပက်ထားသလို
မင်းနဖူးက နဖူးစာလေးကိုပဲ
ငါ၇င်ခုန်သံတွေနဲပွက်ဆွဲကြည်နေရင်း
သမိုင်းဦးဇာတ်လမ်းကိုနိဒါန်းပျိုးဖို့
ဧဒင်ဥယျဉ်လိုခမ်းနားတဲ့

အသိုက်အမြုံတော့ မရှိဘူး
နင်ခိုလှုံဖိုတော့
ငါ့ရင်အစုံဟာ
လုံခြုံတဲ့ မှေးစက်ရာအဖြစ်
သနားသဖြင့် ပေးဆပ်ခွင့်ပြုပါ
ကံကြမ္မာရဲ့အချုပ်အနောင်မှာ
ကမ္ဘာခြမ်းစီလို
တစ်ဖက် လင်း တစ်ဖက်မမှောင်ပါရစေနဲ
တစ်မိုးအောက်ထဲ
ရနံ့ ခြင်းတူတဲ့ စီးဆင်းမူ
ကောင်မလေးေ၇
လာ
ဟော ဟို
ဟေ၇ာင်အောက်
တိုနစ်ယောက်လမ်းအတူတူလျောက်ကြစို့

Saturday, April 25, 2015

အချစ်မှာ မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။ ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ သူ့မျက်နှာမှာ ရှက်သွေးတွေစို အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။


ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို
https://www.facebook.com/minsatnay